ဘောလခဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 02,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်ကို အ.ထ.က(ဘောလခဲ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာ ဖြေဆို လျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အတွက် လည်း ပြင်ဆင်စောင့် ရှောက်ပေးလျက်ရှိသည်။