သာပေါင်းမြို့နယ် စာစစ်ဌာန(၆)ခုတို့တွင် တတိယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

သာပေါင်း ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ စာစစ်ဌာန(၆)ခုတို့တွင် တတိယနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာကို အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုနေကြသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေရာ စာစစ်ဌာန(၆)ခုတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ကြီးကြပ်ရေးအဖွဲ့များက စီစစ်ကြီး၊ ကြပ်၊ ကြပ်မတ် ကူညီဆောင်ရွက်လျက်ရှိကြသည်။

သာပေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း သာပေါင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၂၂၂)ဦး၊ကျောင်းသူ (၃၀၄)ဦး၊ ပေါင်း(၅၂၆) ဦး၊စာဖြေဆို ကျောင်းသား(၂၀၄)ဦး၊ ကျောင်းသူ(၂၉၄)ဦးပေါင်း (၄၉၈)ဦး၊ပျက်ကွက် ကျောင်း သား(၁၈)ဦး၊ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း(၂၈)ဦး ၉၄.၆၈%၊ အခြေခံပညာအထက်တန်းကျောင်း ဇီးဖြူကွင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၇၈)ဦး၊ ကျောင်းသူ(၉၆)ဦး၊ ပေါင်း(၁၇၄)ဦး၊ စာဖြေဆို ကျောင်းသား(၆၆)ဦး၊ကျောင်းသူ (၈၁)ဦးပေါင်း (၁၄၇)ဦး၊ ပျက်ကွက် ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၁၅)ဦး၊ စုစုပေါင်း(၂၇)ဦး ၈၄.၄၈%၊ အခြေခံပညာ အထက်တန်းကျောင်း ဘုရားကုန်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၅၄)ဦး၊ ကျောင်းသူ(၅၂)ဦး၊ ပေါင်း(၁၀၆)ဦး၊ စာဖြေဆို ကျောင်းသား (၅၄)ဦး၊ ကျောင်းသူ(၄၉)ဦးပေါင်း(၁၀၃)ဦး၊ပျက်ကွက် ကျောင်းသား(-)ဦး၊ကျောင်းသူ(၃)ဦး၊ စုစုပေါင်း(၃)ဦး ၉၇.၁၇%၊အခြေခံပညာအထက်တန်းကျောင်း စက်ဒေါင့်ကြီး စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာရင်းရှိ ကျောင်းသား(၇၀)ဦး၊ကျောင်းသူ (၁၂၅)ဦး၊ ပေါင်း(၁၉၅) ဦး၊ စာဖြေဆို ကျောင်းသား(၆၃)ဦး၊ကျောင်းသူ(၁၂၂)ဦးပေါင်း(၁၈၅)ဦး၊ပျက်ကွက် ကျောင်းသား (၇)ဦး၊ကျောင်းသူ(၃)ဦး၊ စုစုပေါင်း(၁၀)ဦး ၉၄.၈၇%၊အခြေခံပညာအထက်တန်းကျောင်း လှေကြီးတတ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၉၉)ဦး၊ ကျောင်းသူ(၁၄၄)ဦး၊ပေါင်း(၂၄၃)ဦး၊ စာဖြေဆို ကျောင်းသား(၈၃)ဦး၊ ကျောင်းသူ(၁၂၈)ဦး ပေါင်း(၂၁၁)ဦး၊ပျက်ကွက် ကျောင်းသား(၁၆)ဦး၊ကျောင်းသူ(၁၆)ဦး၊စုစုပေါင်း(၃၂)ဦး ၈၆.၈၃%၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဆောင်ဘုံ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၃၂)ဦး၊ကျောင်းသူ(၄၀)ဦး၊ပေါင်း(၇၂)ဦး၊စာဖြေဆို ကျောင်းသား(၂၈)ဦး၊ ကျောင်းသူ(၄၀)ဦးပေါင်း(၆၈)ဦး၊ပျက်ကွက် ကျောင်းသား(၄)ဦး၊ကျောင်းသူ(-)ဦး၊စုစုပေါင်း(၄)ဦး ၉၄.၄၄% အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေကြပြီး တစ်မြို့နယ်လုံး စာစစ်ဌာန(၆)ခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၅၅၅)ဦး၊ကျောင်းသူ (၇၆၁)ဦး၊ ပေါင်း (၁၃၁၆)ဦး၊စာဖြေဆို ကျောင်းသား(၄၉၈)ဦး၊ကျောင်းသူ(၇၁၄)ဦးပေါင်း(၁၂၁၂)ဦး၊ပျက်ကွက် ကျောင်းသား(၅၇)ဦး၊ကျောင်းသူ(၄၇)ဦး၊စုစုပေါင်း(၁၀၄)ဦး ၉၂.၁၀% ရှိကြောင်း မြို့နယ်ပညာ ရေးမှူး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)