သတင်းများ

ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Apr 02,2022
ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Apr 02,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်စတင်စစ်ဆေး
Apr 02,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတွဲခရိုင်တွင် Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်း ဖွင့်လှစ်
Apr 02,2022
Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများရှိ ဓာတ်ပုံ-၂ ဝန်ထမ်းများနှင့် စာကြည့်တိုက်တာဝန်ခံများအား (Online)စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်
Apr 02,2022
လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီအခြေခံ ပန်းချီပညာသင်တန်းကို ဧပြီ(၁) ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားကတ် (မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်းရှိမရှိ စတင်စစ်ဆေး
Apr 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူ များအား နိုင်ငံသားကတ်(မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်း ရှိမရှိ စစ်ဆေးသည့်လုပ်ငန်းကို မြို့အဝင် ပင်လောင်း-လွိုင်ကော်- ပျဉ်းမနားလမ်းခွဲ စုပေါင်းစစ်ဆေးရေးဂိတ်၌  နေ့စဉ်နံနက် ၆ နာရီမှ စတင်စစ်​​ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့
Apr 02,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများကို ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သပိတ်ကျင်းမြို့နယ် သပိတ်ကျင်း-ဖော့တော စစ်ဆေးရေးစခန်းတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းဆောင်ရွက်
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ သပိတ်ကျင်း-ဖော့တော လမ်းဆုံစစ်ဆေးရေးဂိတ်တွင်  လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်​ဆေးခြင်းကို ဧပြီလ( ၁)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။