ကလောမြို့နယ်၌၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲသင်္ချာဘာသာရပ်ကို ဖြေဆိုသူကျောင်းသား၊ကျောင်းသူ (၁၃၇၄)ဦးရှိ

ကလော   ဧပြီ   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသင်္ချာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ် ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၄၉၁)ဦးစာရင်းပေးသွင်းထားပြီး (၁၃၇၄)ဦး ဝင်ရောက် ဖြေဆိုကြောင်းသိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁)ကလောတွင်  အတွင်း၊ အပြင် ဖြေဆိုသူ ၃၀၈ ဦး၊ အထက(၂)ကလောတွင် အတွင်း၊ အပြင်ဖြေဆိုသူ ၂၃၄ ဦး၊ အထက (၃)အောင်ပန်းတွင်အတွင်း၊အပြင်ဖြေဆိုသူ ၂၈၈ ဦး၊ အထက-(၅)အောင်ပန်းတွင်အတွင်း၊ အပြင် ဖြေဆိုသူ ၃၀၈ ဦး၊ အထက-(၄)ဟဲဟိုးတွင် အတွင်း၊အပြင်ဖြေဆိုသူ ၁၉၈ ဦး၊အထက (၆)ဘော်ဆိုင်းတွင်အတွင်း၊အပြင်ဖြေဆိုသူ ၃၈ ဦး၊စုစုပေါင်း ၁၃၇၄ ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာန များတွင် တက္ကသိုလ်ဝင် စာမေးပွဲသင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၂ဒသမ ၁၅) ရာခိုင်နှုန်းနှင့်ပျက်ကွက်မှု ရာခိုင်နှုန်း(၉.၀၄)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက် အရသိရသည်။

ကျော်ဝင်း(ပြန်/ဆက်)