သတင်းများ

မိုင်းဆတ်မြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ စာဖတ်ဝိုင်းကျင်းပ
Apr 01,2022
ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက စာရေးဆရာနတ်ရှင်(ရွှေဂူ) ရေးသားသည့် လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်ရန်သင်တန်းသားခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်းများဆောင်ရွက်မည်
Apr 01,2022
နိုင်ငံတော်အတွက်အားထားရသော လူငယ်လူရွယ်များအား အားကစား၊ ပညာရေးနှင့် ကိုယ်ရည်ကိုယ်သွေး ထူးချွန်ထက်မြက်သော သူများဖြစ်လာစေရေးအတွက် အားကစားနှင့်ကာယ ပညာသိပ္ပံ (တောင်ကြီး)မှ ပြုစုပျိုးထောင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)သို့ တက်ရောက်လိုသော သင်တန်းသားများအား ခေါ်ယူခြင်းနှင့် ရွေးချယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေါမြို့နယ်၊ မြစ်ကျိုးလမ်းဆုံရှိ အဖွဲ့စုံစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်)များ စတင်စစ်ဆေး
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုးလမ်းဆုံ အဖွဲ့စုံစစ်ဆေးရေး ဂိတ်တွင် ယနေ့နံနက် ၆နာရီမှ စတင်၍ နိုင်ငံသား(မှတ်ပုံတင်)မပါရှိပဲ ခရီးသွားလာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွားပြည်သူများအားလုံး နိုင်ငံသား(မှတ်ပုံတင်)ကတ်ပြားများ ပါ၊မပါ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်
Apr 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံဖြစ်ပွားမှု မရှိစေရန်နှင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းအား စံပြမီးသတ်စခန်းဆု ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Apr 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းအား ၂၀၂၂ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် စံပြမီးသတ်စခန်းဆု ချီးမြှင်နိုင်ရေးအတွက် ဗဟိုအဖွဲ့ (ဌာနချုပ်အဆင့်)မှ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် အသိပညာပေးခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံရေးဆောင်ရွက်
Apr 01,2022
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ အဝင်/ အထွက် ဂိတ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်မှစ၍ မိဘပြည်သူများအား ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသူများ ကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။