တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် တတိယနေ့ဖြေဆို

တောင်တွင်းကြီး ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ အခြေခံပညာစာစစ်ဌာန(၄)ခုတွင် တတိယနေ့ ဆက်လက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ ကျား ၆၉၃ ဦး၊ မ ၉၅၁ ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၆၄၄ ဦး ရှိကြောင်းသိရကာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန (၄)ခု စီစဉ်ဆောင်ရွက်ထားရှိကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်၍ လုံခြုံရေးကိစ္စများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အခြေခံပညာ စာစစ်ဌာနကျောင်းများတွင် တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ သခ်ျာဘာသာရပ်အား တတိယ နေ့ကျင်းပရာ အခြေခံပညာစာစစ်ဌာန (၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျား(၆၂၃) ဦး၊ မ(၈၈၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၅၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန် ပျက်ကွက်သူဦးရေ ကျား(၇၀) ဦး ၊ မ(၇၀)ဦး ၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း (ပြန်/ဆက်)