သတင်းများ

ဆိပ်ဖြူမြို့နယ်၌ (Pilot Project) အရအခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး
Apr 02,2022
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် (Pilot Project)အရ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက ယမန်နေ့ နံနက် ၁၀ နာရီတွင် ကြည့်ရှုစစ်ဆေးသည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်အားကစားသင်တန်း အခမဲ့ဖွင့်လှစ်ပေး
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပညာ‌ရေး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်း သား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံချနိုင်စေရေးရည်ရွယ်၍  အေရိုးဗစ်အားကစား သင်တန်းကို  လူထုအခြေပြုဗဟိုဌာန (Commounity  Commounity )ခန်းမ၌ ယမန်နေ့နံနက်ပိုင်းမှ  စတင်ပြီး အခမဲ့ဖွင့် လှစ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ
Apr 02,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း  အမှတ်စဉ်(၂)သင်တန်း ဆင်းပွဲအခမ်းအနားကိုယမန်နေ့က ကျင်းပပြုလုပ်သည်။
ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌  ပန်းချီရေးဆွဲနည်း ပြိုင်ပွဲကျင်းပ
Apr 02,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကလေးစာဖတ်ခန်း၌ ပန်ချီရေးဆွဲနည်းပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြု လုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကျင်းပ
Apr 02,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေး ဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Apr 02,2022
ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Apr 02,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်စတင်စစ်ဆေး
Apr 02,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။