မိုးကောင်းမြို့နယ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တတိယနေ့(သင်္ချာဘာသာ) ဖြေဆို

မိုးကောင်း ဧပြီ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲသင်္ချာဘာသာကို အထက(၂) မိုးကောင်း၊ အထက-နမ္မတီးနှင့် အထက-ပင်းဘောစာစစ်ဌာနတို့၌ ယနေ့နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိ တတိယနေ့အဖြစ် ဖြေဆိုပြီးကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် စာမေးပွဲဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၅၉)ဦး ရှိသည့်အနက် အတွင်းဖြေကျောင်းသား(၂၇၇)ဦး၊ အပြင်ဖြေကျောင်းသား(၉၃)ဦး၊ အတွင်းဖြေ ကျောင်းသူ(၅၀၅)ဦး၊ အပြင်ဖြေကျောင်းသူ(၂၁၅)ဦး ဖြေဆိုရာ စုစုပေါင်း(၁၀၉၀)ဦး ဖြေဆိုသဖြင့် (၉၄ ဒဿမ သုညငါး)ရာခို်ငနှုန်းဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူမျာ စိတ်အေးချမ်းသာဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)