ဘောလခဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်အား ဆက်လက်ဖြေဆို

ဘောလခဲ   ဧပြီ   ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ (သင်္ချာ) ဘာသာရပ်ကို အ.ထ.က(ဘောလခဲ) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာ ဖြေဆို လျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနကလိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ပြင်ဆင်စောင့် ရှောက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ဘောလခဲမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျောင်းတွင်းဖြေ ကျောင်းသား(၃၉)ဦး၊ ကျောင်းသူ(၅၂)ဦး၊  ပေါင်း(၉၁)ဦးနှင့် အပြင်ဖြေ ကျောင်းသား (၆)ဦးနှင့် ကျောင်းသူ(၂၆)ဦး၊ ပေါင်း (၃၂)ဦး စုစုပေါင်း(၁၂၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၉၅.၃၅ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်း သား(၂)ဦး နှင့်ကျောင်းသူ(၄)ဦး ပျက်ကွက်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဇင်မာထွန်း