စလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၅၉၀) ဦး ဖြေဆို

စလင်း ဧပြီ  ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြရာ ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇)ခု တွင် ဆက်လက်ဖြေဆိုကြရာ ကျောင်းသား၊ ကျောင်းသူအတွင်းအပြင် ပေါင်း(၁၅၉၀) ဦး ဖြေဆိုကြပြီး ယနေ့(၁) ဦးထပ်မံဖြဆိုပျက်ကွက်ခဲ့ရာ စုစုပေါင်း ပျက်ကွက်သူ ၁၂၂ ဦးရှိကြောင်း သိရှိရသည်။

စလင်းမြို့နယ်တွင် ယနေ့သင်္ချာဘာသာရပ်ဖြေဆိုရာတွင် ၁၅၉၀ ဦးရှိကြောင်းသိရှိရသည်။ စလင်းမြို့နယ်တွင် ၂၀၂၂ နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ရာ ယခင်စာရင်းရှိမှာ ၁၇၁၂ ဦး ရှိခဲ့ရာမှ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူ ၁၅၉၁ ဦး ဖြေဆိုခဲ့ပြီး ယနေ့သင်္ချာဘာသာရပ်တွင် စလင်း အ.ထ.က၁ စာစစ်ဌာနတွင် အတွင်းဖြေ ၄၆၄ ဦးနှင့် အပြင်ဖြေ ၁၈၅ ဦး၊ ပျက်ကွက် ၆၉ ဦး၊ အ.ထ.က ဆင်ဖြူကျွန်း အမှတ် ၁ စာစစ်ဌာနတွင် အတွင်းဖြေဆိုသူ ၁၉၈ ဦးနှင့် အပြင်ဖြေ ၉၈ ဦး၊ ပျက်ကွက် ၁၅ ဦး၊ ဇီးဖြူပင်စာစစ်ဌာနတွင် အတွင်းဖြေ ၇၃ ဦး၊ အပြင်ဖြေ ၂၁ ဦး၊ ပျက်ကွက် ၄ ဦး၊ ပြည်စိုးကုန်း အ.ထက စာစစ်ဌာနတွင်  အတွင်းဖြေ ၆၃ ဦးနှင့် အပြင်ဖြေ ၂၅ဦး၊ ပျက်ကွက် ၁၁ ဦး၊ တညောင်စာစစ်ဌာနတွင် အတွင်းဖြေ ၉၃ ဦး၊ အပြင်ဖြေ ၆၉ ဦးနှင့် ပျက်ကွက် ၁၁ ဦး၊ တပ်တွင်း အ.ထ.က စာစစ်ဌာနတွင် အတွင်းဖြေ ၁၄၆ ဦး၊ အပြင်ဖြေ ၁၇ ဦး၊ ပျက်ကွက် ၃ ဦး၊ လင်းဇင်း အ.ထ.က စာစစ်ဌာနတွင် အတွင်းဖြေဆိုသူ ၁၂၃ ဦး၊ အပြင်ဖြေဆိုသူ ၁၅ ဦး၊ ပျက်ကွက် ၉ ဦး၊ အတွင်းဖြေဆိုသူ စုစုပေါင်း ၁၁၆၀ ဦး၊ အပြင်ဖြေဆိုသူ ၄၃၀ ဦး၊ စုစုပေါင်း ၁၅၉၀ ဦး ဖြေဆိုခဲ့ပြီး ယနေ့သင်္ချာ ဘာသာရပ်တွင် ၁ ဦး၊ ထပ်မံပျက်ကွက်ခဲ့၍ စုစုပေါင်းပျက်ကွက်သူ (၁၂၂ ဦးရှိခဲ့သည်။ ကျောင်းသား/ ကျောင်းသူကလေးများ သင်္ချာဘာသာရပ်အား ဖြေဆိုကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင် (စလင်း)