ဖားကန့် ဧပြီ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခု တွင် ယနေ့နံနက် ၉နာရီက ရူပဗေဒဘာသာရပ်ကို ကျောင်းသား/သူ ၈၆ ရာခိုင်နှုန်းကျော် အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ဖားကန့်မြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်အား ဝင်ရောက် ဖြေဆိုခွင့်စာရင်းရှိသည့် ကျောင်းသား/သူ (၃၂၂)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၂၇၇ ဦးနှင့် ပျက်ကွက်သူ ၄၅ဦး ရှိပြီး ဖြေဆိုရာခိုင်နှုန်း(၈၆.၀၂)၊ ပျက်ကွက်ရာခိုင်နှုန်း(၁၃.၉၈)ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးလေး(ပြန်/ဆက်)