နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားသတ္တမအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

နွားထိုးကြီး ဧပြီ  ၅

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီမှ စ၍ မြို့နယ် မိခင်ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက် အကူပြုအသင်း နှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covi shleldအမျိုးအစားဖြစ်ပြီး အသက်(၁၈)နှစ် အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ(၁၁)ဦး (11 Dose) ထိုးနှံလျက်ပေးသည်။ အသက် (၁၈)နှစ်အထက်ပြည်သူ (၁၅၅၇၇၀)ဦးလျာထားပြီး ယနေ့တွင် (၁၂၉၂)ဦး ထိုးနှံရာ စုစုပေါင်း (၈၅၆၈၄)ဦး ဆေးထိုးပြီး၊ ကျန်ရှိသူ (၇၀၀၈၆) ဦးဖြစ်ကြောင်း မြို့နယ်  စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရ သည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ် ဦးစား ပေးအုပ်စု အလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်