ကံမ ဧပြီ ၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်အား စာစစ်ဌာန(၃)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူ ၂၈၆ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၀၈) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်အား အခြေခံပညာ အထက်တန်း ကျောင်း(ကံမ)စာစစ်ဌာန၌ ကျောင်းသား ၉၆ ဦးကျောင်းသူ ၁၁၂ ဦး စုစုပေါင်း ၂၀၈ ဦး၊ အခြေခံ ပညာ အထက်တန်းကျောင်း(ရေနံ့သာ)စာစစ်ဌာန၌ ကျောင်းသား ၁၅ ဦးကျောင်းသူ ၁၉ ဦး စုစုပေါင်း ၃၄ ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်) စာစစ်ဌာန၌ ကျောင်းသား ၁၀ ဦးကျောင်းသူ ၃၄ ဦး စုစုပေါင်း ၄၄ ဦး ဝင်ရောက်ဖြေဆိုပြီး မြို့နယ်အတွင်း စာစစ်ဌာန(၃)ခုတို့၌ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၈၆ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် တာဝန် ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေး လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)