လောင်းလုံး ဧပြီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ခရီးသွားလာပြည်သူများအား နိုင်ငံသား(မှတ်ပုံတင်)ကတ် ကိုင်ဆောင်သွားလာခြင်း ရှိ/ မရှိ စစ်ဆေးခြင်းလုပ်ငန်းကို မြို့အဝင် ကမြောကင်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့က လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့တို့မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအနေဖြင့် ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ် ယူဆောင်သွားဖို့ မမေ့ကြရန်နှင့် နိုင်ငံသား(မှတ်ပုံတင်)ကတ် မပြုလုပ်ရသေးသူများနှင့် ပျောက်ဆုံး/ ပျက်စီးသူများကို သက်ဆိုင်ရာ မြို့နယ်(လဝက) ရုံးများတွင် သွားရောက်ပြုလုပ်ကြရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံး(ပြန်/ဆက်)