သတင်းများ

မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် အေးချမ်းစွာ ဆက်လက် ဖြေဆို
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မဘိမ်းမြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၌ ကျောင်းသား၊ ကျောင်းသူ ၂၀၃ ဦး အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ရွှေဘိုမြို့၌သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ရက်တိုသင်တန်းဖွင့်လှစ်
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ နေ့ကလေးထိန်းကျောင်း၊ ဘက်စုံခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ရက်တိုသင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘဏ်များ၏လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းကြည့်ရှု
Apr 08,2022
မြို့နယ်အတွင်း ဖွင့်လှစ်ထားသောဘဏ်များ ဘေးကင်းလုံခြုံရေးနှင့် အဖျက်အမှောက်များ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းရှိဘဏ်များ၏ လုံခြုံရေးစနစ် ဆောင်ရွက် ထားရှိမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရှိရသည်။
ရွှေဘိုမြို့၌ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေး လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများ ဖန်တီးခြင်းဆိုင်ရာ လက်တွေ့ အသုံးချ နည်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်
Apr 08,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး သတင်း ရေးသားခြင်း နည်းပညာကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန်နှင့် သတင်းမီဒီယာ ဆောင်ရွက်နေသော ဝန်ထမ်းများ အရည်အသွေး မြှင့်မားလာစေရေးတို့အတွက် လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများ အတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်း ကျွမ်းကျင်မှုသင်တန်းကို ​ရွှေဘိုခရိုင်၊ လူထုအခြေပြု ဗဟိုဌာနCommunity Centre)၌ ယမန်နေ့နေ့လည်(၁)နာရီတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး (Community Centre ) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ
Apr 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ အားကာယဉာဏဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီတွင် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ဘောဂလိမြို့တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင် ပြသ
Apr 08,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်  အလွယ်တကူလေ့လာဖတ်ရှုနို်ငရန်  ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက  ရုံးရှေ့မြေစိုက်ဘုတ်တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
မင်းတုန်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေး
Apr 08,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက မဟာသင်္ကြန်ပွဲတော် ကျင်းပမည့်အခြေအနေနှင့် ရေကစားမဏ္ဍာပ်ဆောက်လုပ်မည့် အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့သည်။
ရပ်စောက်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Apr 08,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပ ပြုလုပ်သော ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားရုံ၌ ပြုလုပ်ခဲ့သည်။