စမ်းချောင်း ဧပြီ ၇
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို နိုင်ငံအနှံ့ရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် ပထဝီဝင်ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ စာစစ်ဌာန အ.ထ.က(၂) ၌ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုကြပြီးဖြစ်ကြောင်း သိရသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၁၅)ဦး စုစုပေါင်း(၃၀)ဦးတို့ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၈၈.၂၄ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက် ပေးလျက်ရှိ ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း