ပေါင်းတည် ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိနေသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် နေ့စဉ်ဆေးထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်ပိုင်းက ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ဖြူအုပ်စု၊ ကိုယ်ဝန်ဆောင်အုပ်စု၊ ဇီးပင်လှအုပ်စု၊ ဗျက်ကြီး၊ ကြို့ပင်အုပ်စု၊ ကံငယ်အုပ်စု၊ မှတ်တိုင်အုပ်စုနှင့် ရွာပုလဲကျေးရွာအုပ်စုတို့၌ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျ ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ ကျေးရွာများအရောက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိရာ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စုတွင် (၁၀)ဦး၊ ညောင်ဖြူအုပ်စုတွင် (၅၀)ဦး၊ ကိုယ်ဝန်ဆောင်အုပ်စုတွင် (၁၂၀)ဦး၊ ဇီးပင်လှအုပ်စုတွင် (၅၀)ဦး၊ ဗျက်ကြီး(၂၀)ဦး၊ ကြို့ပင်အုပ်စု(၃၀)ဦး၊ ကံငယ်အုပ်စု (၃၀)ဦး၊ မှတ်တိုင်အုပ်စုတွင် (၁၀)ဦးနှင့် ရွာပုလဲအုပ်စုတို့တွင် (၆၀)ဦးတို့ကို သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ကျန်းမာရေးဌာနဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် Covishield ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)