ညောင်တုန်း ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနှိုင်ရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကာကွယ်ဆေးထိုးအဖွဲ့များဖွဲစည်း၍ ကျေးရွာအုပ်စုများသို့ ယနေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုဘိုင်းဆေးထိုးအဖွဲ့များဖွဲ့စည်း၍ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်စဉ်ဆက်မပျက် စီစစ်ကြပ်မတ်၍ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)