ဘားအံ မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ  ၁၉၇  ဦးမှဖြေဆို

ဘားအံ ဧပြီ ၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို  ကျောင်းသား/ ကျောင်းသူ(၁၉၇) ဦးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် အ-ထ-က (၁) ဘားအံ စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၁၂) ဦး  ၊ အ-ထ-က (၂) ဘားအံ စာစစ်ဌာန ကျောင်းသား/ကျောင်းသူ (၃၉) ဦး  ၊ အ-ထ-က တောင်ကလေး စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၂၇) ဦး၊ အ-ထ-က လှာကာစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၈၆) ဦး  ၊ အ-ထ-က ထုံးအိုင် စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၇) ဦး ၊ အ-ထ-က အိန္နု စာစစ်ဌာန တွင် ကျောင်းသား/ကျောင်းသူ (၁၉) ဦး ၊ အ-ထ-က ဇာသပြင်  စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၇) ဦး စုစုပေါင်း (၁၉၇) ဦး ရာခိုင်နှုန်းအားဖြင့်  ၈၉.၅၅% ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)