သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း စာအုပ်စာ​ပေများဖတ်ရှု​လေ့လာနိုင်​စေရန် Mobile Library ကွင်းဆင်း​ဆောင်ရွက်

ဒဂုံ   ဧပြီ    ၇

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယ​နေ့နံနက် ၁၀ နာရီက သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ဝန်ထမ်းများစာ​ပေဖတ်ရှုလေ့လာနိုင်​​စေရန်ရည်ရွယ်၍ ဒဂုံမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးသို့ သုတ၊ ရသစာအုပ်များ သွား​ရောက်ငှားရမ်း​ပေးခဲ့ကြပြီး စာဖတ်ပရိသတ်များ လက်ဝယ်အ​ရောက် Mobile Library ကွင်းဆင်း​ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍အခြား​သောဌာနဆိုင်ရာများ၊ ရပ်ကွက်များသို့လည်း သွား​ရောက်ငှားရမ်း​ပေးမည်ဖြစ်ပြီး ​ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ ​ကျောင်းသား၊​ ကျောင်းသူများ စာကြည့်တိုက်သို့ လာ​ရောက်​လေ့လာဖတ်ရှုကြ​စေ​ရေးနှင့် အလွယ်တကူငှားရမ်းနိုင်​စေ​ရေး ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သတင်းရရှိပါသည်။

မေသန္တာ