သတင်းများ

ပိုင်ကျုံမြို့၌ အဋ္ဌမနေ့အဖြစ် တက္ကသိုလ်ဝင်စာမေးပွဲ(သမိုင်း)ဘာသာရပ် ဆက်လက်ဖြေဆို
Apr 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စာ‌ဖြေဌာနအသီးသီးတွင် ယနေ့ နံနက်၉ နာရီအချိန်တွင် သက်ဆိုင်ရာ စာ‌ဖြေဌာနအသီးသီး၌ အဋ္ဌမနေ့အဖြစ် (သမိုင်း) ဘာသာရပ်ကို စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။
ကာမိုင်းမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Apr 08,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် (၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ ထိုးနှံပေးခဲ့သည်။
ဘုရားသုံးဆူမြို့၌ ရဟန်းသံဃာတော်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် (၆၀)ထက် အသက်ကြီးဘိုးဘွားများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  စတင်ထိုးနှံ
Apr 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ဖြစ်သည့် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာများနှင့် အသက် (၆၀) အထက် အသက်ရွယ်လူကြီးများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေ
သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ကာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဟောပြောပွဲကို သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက လှည်းလမ်းကူးကျေးရွာအုပ်စု၌ ကျေးရွာ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့်အလေ့အထ အကျင့် ကောင်းများတိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ အကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် Mobile Team စနစ်ဖြင့် လိုက်လံထိုးနှံပေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) အမျိုးအစားကို ရပ်ကွက်ကျေးရွာများရှိ ပြည်သူများထံသို့အရောက် Mobile Team စနစ်ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြကန်သာရပ်ကွက်၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်များသို့လည်းကောင်း၊ ငါးတန်တစ်ရာကျေးရွာ၊ ပကိတ်ကြီးကျေးရွာများသို့လည်းကောင်း အဖွဲ့များခွဲပြီး ကွင်းဆင်းကာကွယ်ဆေးထိုးခြင်းများကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းပိတ်ရက်တွင် ကျောင်းသား/ သူများ ဉာဏ်ရည်ဉာဏ်သွေးတိုးတက် မြင့်မားလာစေရန်၊ စိတ်ကူစိတ်ကောင်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၁)နာရီအချိန် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဘုတ်ပြင်းမြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာကို ဆက်လက်ဖြေဆို
Apr 08,2022
တနင်္သာရီတိုင်းဒေသကြီ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဋ္ဌမနေ့သမိုင်းဘာသာကို ယနေ့နံနက်ပိုင်းက အထက-ဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား ကျောင်း သူများ ဆက်လက်ဖြေဆို လျက်ရှိကြောင်းသိရသည်။