သတင်းများ

ဆီဆိုင်မြို့နယ်၌ ချစ်ကြည်ရေးဖိတ်ခါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 08,2022
တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်အတွက် တတိယအကြိမ်မြောက် နောင်ရင်းကျေးရွာ ချစ်ကြည်ရေး ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းကျေးရွာရှိ ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Apr 08,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်ကောင်း ထက်မြက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌  မီးသတ်ဦးစီးဌာနမှ ရေသွားရောက်လှူဒါန်းပေး
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ‌ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က သာသနာ့ပါလဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့ ဂါလန် ၁၆၀၀ ဆန့် မီးသတ်‌ရေယာဉ်ကား နှစ်စီးစာ ရေဂါလန် ၃၂၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်း ကျင်းပ
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် စာစစ်ဌာန(၆)ခုတိုတွင် အဋ္ဌမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာ ဆက်လက်ဖြေဆို
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စာစစ်ဌာန(၆)ခုတို့တွင် အဋ္ဌမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာများကို အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုနေကြသည်။
သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ သမိုင်းဘာသာ ရပ်တွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ၀င်ရောက်ဖြေဆို
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ၀င်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ အခြေခံပညာ အထက်တန်းကျောင်း (၁) စာစစ်ဌာန တစ်ခုတည်း၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် Mobile Team စနစ်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ရပ်ကွက်ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Mobile Team စနစ်ဖြင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများထံသို့အရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) လိုက်လံထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြရတနာရပ်ကွက်၊ မြစန္ဒာရပ်ကွက်များတွင် အဖွဲ့များခွဲ၍ ကွင်းဆင်းကာကွယ်ဆေး ထိုးခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်ကစ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Apr 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre တွင် ယနေ့ နံနက် ( ၁၀ )နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်Talk Show ကျင်းပခဲ့သည်။