သတင်းများ

ဝိုင်းမော်မြို့၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကျင်းပ
Apr 08,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပေးအပ်ပွဲကို ဧပြီလ ၇ ရက် နံနက် ၁၁ နာရီခွဲချိန်က ဝိုင်းမော်မြို့နယ် အထွေ‌‌​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၂ ခုနှစ် မဟာသင်္ကြန်အားကြိုဆိုသောအားဖြင့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ ကျင်းပ
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဇောတိကစက်ဝန်းတွင် ၂၀၂၂ ခုနှစ် မဟာသင်္ကြန်အား ကြိုဆိုသောအားဖြင့် ဖိတ်ခေါ်ဘောလီဘော ပြိုင်ပွဲကို ယမန်နေ့နံနက် (၈) နာရီက စတင်ကျင်းပသည်။
ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (သမိုင်းဘာသာ)အား ဆက်လက် ဖြေဆို
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲဖြစ်သည့်(သမိုင်းဘာသာ)ကို အထက ဗန်းမောက်၊ အထက စက်တော စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (၁၀၀%) ပြည့်မီလွှမ်းခြုံနိုင်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံ
Apr 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ဧပြီလအကုန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (၁၀၀%) ပြည်မီလွှမ်းခြုံထိုးနှံနိုင်ရေးအတွက် ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့မဆေးထိုးစုရပ်ရှိ ကံသာထွက်ဝရပ်ကွက်သို့ အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Covaxin ထိုးနှံပေးလျက် ရှိသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေး
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ( Covid Shield) ၊ (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းအဖွဲ့က ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။
တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီ အခြေခံပန်းချီသင်တန်းဆင်းပွဲ ကျင်းပ
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာပေချစ်မြတ်နိုး သူအျားအသင်း(Book Club)နှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သော အခြေခံပန်းချီ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (အဋ္ဌမနေ့) သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဧပြီလ ၈ ရက်တွင်နိုင်ငံတဝှမ်း၌ သမိုင်းဘာသာ ရပ်ကို အဋ္ဌမနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၄ ခုသို့ လာရောက်ဖြေဆိုသူသမိုင်းဘာသာရပ် (၉၅.၄၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။
သန်လျင်မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်
Apr 08,2022
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းများတိုးချဲ့ခြင်း၊ လူသွား ပလက်ဖောင်းများပြုလုပ်ပေးခြင်း၊ ပန်းအလှပင်နှင့် အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ မြေယာ ရှုခင်းများ အလှပြုပြင်ခြင်းစသည့် လုပ်ငန်းများအပြင် မြို့မဈေးကြီးအတွင်းမိုးမကျမီ ရေစီး ရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းနှင့် ရေပိုက်များပြင်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။