သတင်းများ

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Astra Zeneca ၊ Sinopharm ၊ Covishield များဆက်လက်ထိုးနှံပေး
Apr 09,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ
Apr 09,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့ဝါသနာပါရာ အားကစားနည်းများအလိုက် အခြေခံ အားကစားသင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ မိုးလုံလေလုံအားကစားကွင်း၌ သင်းတန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဂန့်ဂေါတွင် ဝန်ထမ်းသစ်များ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ
Apr 09,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသစ်များ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီက ကျင်းပရာ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားသည်။
တွံတေးမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲပြုလုပ်
Apr 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ ဦးချိတ်စုကျေးရွာတွင် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်) စိုက်ပျိုးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက တမံကြီးကျေးရွာအုပ်စု၊ ဦးချိတ်စုကျေးရွာရှိ ကွင်းအမှတ်( ၁၅၀-င )တောင်သူဦးခင်ဇော်၏ လယ်ယာမြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 09,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံး ကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Apr 09,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်ကြိုက်မြန်မာစာဘာသာရပ်အား စဉ့်ကူးမြို့နယ် စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ မရှိကြောင်းနှင့် စာစစ်ဌာန (၅) ခု၌ တက္ကသိုလ် ဝင်တန်းစာမေးပွဲများကို ယမန်နေ့က ဖြေဆိုပြီးစီးကြောင်း သိရသည်။
ပန်းတောင်းမြို့မင်းရပ်ရှိ မဟာသကျစိန္တာမုနိကြေးသွန်း မြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်း၌ (၃၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ အသံမစဲမဟာပဋ္ဌာန်း တော်မြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရှိ မဟာသကျစိန္တာမုနိ ကြေးသွန်းမြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်း၌ (၃၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ အသံမစဲမဟာပဋ္ဌာန်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လင်းခေးတွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။