မြောင်းမြမြို့တွင် Mobile Team စနစ်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေး

မြောင်းမြ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ရပ်ကွက်ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Mobile Team စနစ်ဖြင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများထံသို့အရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) လိုက်လံထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြရတနာရပ်ကွက်၊ မြစန္ဒာရပ်ကွက်များတွင် အဖွဲ့များခွဲ၍ ကွင်းဆင်းကာကွယ်ဆေး ထိုးခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်ကစ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြားဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပရဟိတ လူမှုကူညီရေးအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)