ဒေါ့ဖုန်းယန် ဧပြီ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်ကောင်း ထက်မြက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်စိုးအိအိဖြိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဘာသာရေးသင်တန်းတက်နေသည့် ကျောင်းသား/ ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်အားလုံးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်စိုး(ပြန်/ဆက်)