လယ်ဝေး ဧပြီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre တွင် ယနေ့ နံနက် ( ၁၀ )နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် လယ်ဝေးမြို့နယ် အားကစားမှူးဦးပြည့်ဖြိုးအောင်တို့က ကျောင်းသားလူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ ကာယဉာဏစွမ်းရည် တိုးတက်ဖွံ့ဖြိုးစေရေးတို့အတွက် နွေရာသီအားကစား သင်တန်းများဖွင့်လှစ်ပေးမည့် အကြောင်းအရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တက် ရောက်နိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးနေသည့် အကြောင်းအရာများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု စသည့်အစီအစဉ်များကို ရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာလူငယ်နှင့်အားကစား Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)