သာပေါင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စာစစ်ဌာန(၆)ခုတို့တွင် အဋ္ဌမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာများကို အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုနေကြသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေရာ စာစစ်ဌာန(၆)ခုတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်ရေးအဖွဲ့များက စီစစ်ကြီးကြပ်ကြပ်မတ် ကူညီဆောင်ရွက်လျက် ရှိကြသည်။
သာပေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း သာပေါင်းစာစစ်ဌာနတွင် သမိုင်းဘာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၁၃၀)ဦး၊ ကျောင်းသူ(၁၉၇)ဦး၊ ပေါင်း(၃၂၇)ဦး၊ စာဖြေဆို ကျောင်းသား(၁၁၃)ဦး၊ ကျောင်းသူ(၁၈၇)ဦးပေါင်း(၃၀၀)ဦး၊ ပျက်ကွက် ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း(၂၇)ဦး ၉၁.၇၄%၊ အခြေခံပညာအထက်တန်းကျောင်း ဇီးဖြူကွင်း စာစစ်ဌာနတွင် သမိုင်းဘာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၆၁)ဦး၊ ကျောင်းသူ(၅၉)ဦး၊ ပေါင်း(၁၂၀)ဦး၊ စာဖြေဆို ကျောင်းသား(၅၃)ဦး၊ ကျောင်းသူ(၄၆)ဦး ပေါင်း(၉၉)ဦး၊ ပျက်ကွက် ကျောင်းသား(၈)ဦး၊ ကျောင်းသူ(၁၃)ဦး၊ စုစုပေါင်း(၂၁)ဦး ၈၂.၅၀%၊ အခြေခံပညာအထက်တန်းကျောင်း ဘုရားကုန်း စာစစ်ဌာနတွင် သမိုင်းဘာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၄၂)ဦး၊ ကျောင်းသူ(၄၀)ဦး၊ ပေါင်း(၈၂)ဦး၊ စာဖြေဆို ကျောင်းသား(၄၂)ဦး၊ ကျောင်းသူ(၃၈)ဦးပေါင်း(၈၀)ဦး၊ ပျက်ကွက် ကျောင်းသား(-)ဦး၊ ကျောင်းသူ(၂)ဦး၊ စုစုပေါင်း(၂)ဦး ၉၇.၅၆%၊ အခြေခံပညာအထက်တန်းကျောင်း စက်ဒေါင့်ကြီး စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာ စာရင်းရှိ ကျောင်းသား(၄၉)ဦး၊ ကျောင်းသူ(၈၂)ဦး၊ ပေါင်း(၁၃၁)ဦး၊ စာဖြေဆို ကျောင်းသား(၄၅)ဦး၊ ကျောင်းသူ(၈၀)ဦး ပေါင်း(၁၂၅)ဦး၊ ပျက်ကွက် ကျောင်းသား(၄)ဦး၊ ကျောင်းသူ(၂)ဦး၊ စုစုပေါင်း(၆)ဦး ၉၅.၄၂%၊ အခြေခံပညာအထက်တန်းကျောင်း လှေကြီးတတ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာ စာရင်းရှိ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ(၈၇)ဦး၊ ပေါင်း(၁၅၀)ဦး၊ စာဖြေဆို ကျောင်းသား(၅၁)ဦး၊ ကျောင်းသူ(၇၇)ဦး ပေါင်း(၁၂၈)ဦး၊ ပျက်ကွက် ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၁၀)ဦး၊စုစုပေါင်း(၂၂)ဦး ၈၅.၃၃%၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဆောင်ဘုံ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာ စာရင်းရှိ ကျောင်းသား(၂၅)ဦး၊ ကျောင်းသူ(၃၃)ဦး၊ ပေါင်း(၅၈)ဦး၊ စာဖြေဆို ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၃၃)ဦး ပေါင်း(၅၄)ဦး၊ ပျက်ကွက် ကျောင်းသား(၄)ဦး၊ ကျောင်းသူ(-)ဦး၊ စုစုပေါင်း(၄)ဦး ၉၃.၁၀%၊ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေကြပြီး တစ်မြို့နယ်လုံး စာစစ်ဌာန(၆)ခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာစာရင်းရှိ ကျောင်းသား(၃၇၀)ဦး၊ ကျောင်းသူ(၄၉၈)ဦး၊ ပေါင်း(၈၆၈)ဦး၊ စာဖြေဆို ကျောင်းသား(၃၂၅)ဦး၊ ကျောင်းသူ(၄၆၁)ဦး ပေါင်း(၇၈၆)ဦး၊ ပျက်ကွက် ကျောင်းသား(၄၅)ဦး၊ ကျောင်းသူ(၃၇)ဦး၊ စုစုပေါင်း(၈၂)ဦး ၉၀.၅၅% ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင် ထံမှ သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်