သတင်းများ

မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ ခဲပန်းချီ(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ
Apr 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နွေရာသီ ခဲပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ဒေသန္တရအမိန့် (၂/၂၀၂၂)အရ ထုတ်ပြန်
Apr 10,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ကာလ အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ စည်းကမ်းသေဝပ်ရေး၊ ပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးကို ရှေးရှု၍ အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ ပါဝင်သော  ဒေသန္တရအမိန့် (၂/၂၀၂၂)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ(၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ 
Apr 10,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် အသိပညာပေး လုပ်ငန်းများကို ကိုဗစ်ကာလအတွင်းတွင်  Online မှတဆင့် ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က ရေနံချောင်း မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ကြသည်။ 
ဝမ်းတွင်းမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများ လက်တွေ့သရုပ်ပြ
Apr 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိစက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံ ရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးသုံးစွဲနည်းများ လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦး စီးမှူးရုံးမှသိရသည်။
ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး Talk Show ကိုယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းလှ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတတ်မြှင့်မားရေး ကွင်းဆင်း ဆောင်ရွက်
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေး ကို ရည်ရွယ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတတ်မြှင့်မားရေး အသိပညာပေး ဆွေးနွေးခြင်းကို ဧပြီ ၈ ရက် နေ့လယ် ၁ နာရီချိန်က သရော(ဂျီ)အုပ်စု၊ ရွှေစံပြည့်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့တွင် Mobile Team စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုနှံပေးလျက်ရှိ
Apr 10,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈) နှစ်နှင့်အထက် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား Mobile Team စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၇)နာရီမှ စတင်ကာအဖွဲ့(၄)ဖွဲခွဲ၍ ထိုနှံပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ပန်းချီပြိုင်ပွဲကျင်းပပေး
Apr 10,2022
မော်လမြိုင်ခရိုင်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုး ရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပန်းချီစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။