ရွှေကျင် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ပြည်ထောင်စု ရာထူးဝန်အဖွဲ့ "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ပါ စာပေးစာယူအကြောင်းများ၊ ကြေးနန်းရေးသားနည်းအကြောင်းများ၊ ဝန်ထမ်း တစ်ဦးချင်းစီအား မှတ်စုလွှာရေးသားနည်း၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ခရီးသွားမှတ်တမ်း ရေးသားခြင်း စသည့် အချက်များကို ဖတ်ကြားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)