သတင်းများ

မိုးညိုမြို့နယ်တွင် လေဘေးသင့်မိသားစုများအား ကျေးရွာအရောက် ထောက်ပံ့ငွေပေးအပ်
Apr 09,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအတွက် ထောက်ပံ့ငွေကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Apr 09,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက လူမှုရေးရာ ဝန်ကြီးဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဆင်ပေါင်ဝဲ မြို့နယ်၊ ညံတောအင်းကျေးရွာတွင် စိုက်ပျိုးမြေ(၂၀၀)ဧကအား ရေပေးဝေနိုင်ရန် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကွင်းဆင်း ဆောင်ရွက်
Apr 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများ သတ်မှတ်ကာကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်း ပြည့်ထိုးနှံပေးနိုင်ရေးအတွက် Mobile အစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်  ပြည်သူများအား COVI SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ၇ ရပ်ကွက် ဒေသန္တရဆေးထိုးစုရပ်၊ အမှတ် ၁၅၅ ရပ်ကွက်ဓမ္မာရုံတို့၌ ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည့်အပြင် ဆေးထိုးပြီးစီးကြောင်း ကတ်ပြားများကိုပါ တစ်ပါးတည်း ထုတ်ပေး
Apr 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း အသက်-၁၈ နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Covid shield ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်ပြည့်သူများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Apr 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံခြွေတာစွာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပ
Apr 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေဆရာအသင်းတို့ပူးပေါင်းကာ ယမန်‌နေ့နံနက် ၁၁ နာရီက မြို့နယ် Community  Center ခန်းမ၌ လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်တွင် Clean City ဖြစ်လာစေရေး စုပေါင်းအမှိုက်ကောက်
Apr 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း Clean City ဖြစ်လာစေရေး အတွက် အပတ်စဉ်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်တွင် ချောင်းဝပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 09,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ပြည်သူ့ဝန်ဆောင်မှု ရုံးခန်း အစည်းအဝေးခန်မး၌ ကျင်းပခဲ့သည်။