မိုးနဲမြို့နယ်၌  မီးသတ်ဦးစီးဌာနမှ ရေသွားရောက်လှူဒါန်းပေး

မိုးနဲ ဧပြီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ‌ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က သာသနာ့ပါလဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့ ဂါလန် ၁၆၀၀ ဆန့် မီးသတ်‌ရေယာဉ်ကား နှစ်စီးစာ ရေဂါလန် ၃၂၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရေသွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီ ကာလအတွင်း ရေရှားပါးသော ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရေအခက်အခဲ မရှိစေရေး ဝမ်‌ယေး ကျေးရွာ သို့ ၅ ကြိမ်၊ ဝမ်မလန်း ကျေးရွာသို့ ၃ ကြိမ်၊ ပါဟူဘုန်းတော်ကြီးကျောင်း၊ နားလင်းဘုန်းတော်ကြီး ကျောင်းများသို့ ရေသွားရောက်လှူဒါန်းခဲ့ကြပြီး ယခု သာသနာ့ပါလဘုန်းတော်ကြီးကျောင်း စာသင်တိုက်ကို ဒုတိယအကြိမ် သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် နွေရာသီ ရေရှားပါသော နေရာများ သို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)