သတင်းများ

သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်၌ သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ
Apr 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ပြည်တော်အေးလမ်းမိသားစုများ၏ နဝမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့(မဟာသင်္ကြန်အကျနေ့) နံနက်က အဆိုပါ လမ်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ ပျော်ရွှင်စွာဆင်နွှဲ
Apr 15,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ဟားခါးမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အကျနေ့ ဆက်လက်ကျင်းပ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေး
Apr 15,2022
၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကျနေ့ကို ယမန်နေ့နံနက် ၉ နာရီခွဲက  ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
မဟာသင်္ကြန်(အကျနေ့)  ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ  ရေကစားသူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Apr 15,2022
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်(အကျနေ့) ဧပြီ ၁၄ရက်နေ့တွင် ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ ကမ်းနားလမ်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ယိမ်းအကအလှပြိုင်ပွဲများ၊ တေးသီချင်းသီဆို ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ နှစ်သစ်ကူးအတာရေသဘင်အား ရေကစားသူ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့၌ မဟာသင်္ကြန်ကာလအတွင်းဘုရား၊ ကျောင်းကန်များသို့ သွားရောက်ပြီး ဥပုသ်သီလခံယူ ဆောက်တည် ကုသိုလ်ယူသူများပြား
Apr 15,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့နံနက်ပိုင်း မှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများ သို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်းသိရသည်။
ဗဟန်းမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကျနေ့တွင် ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်းနှင့် အေးချမ်းစွာရေကစားသူများဖြင့်စည်းကား
Apr 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကျနေ့ ယမန်နေ့ နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ်ရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ပြောင်းစိုက်တောင်သူများ ဈေးကောင်းရ
Apr 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဖူးစားပြောင်းစိုက် တောင်သူများ ပြောင်းဖူးဈေး ကောင်းသောကြောင့် တိုးမြှင့်စိုက်ပျိုးလျက်ကြောင်း  တောင်သူများထံမှ သိရသည်။
နောင်ချိုမြို့နယ် စေတနာမွန်အသင်းမှ ရေခက်ခဲသောကျေးရွာများသို့ ရေများဆက်လက်လှူဒါန်း
Apr 15,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်နောင်ချိုမြို့နယ် စေတနာမွန်အသင်းမှ မြို့နယ်အတွင်း ရေခက်ခဲသော ကျေးရွာများသို့ ရေများ ဆက်လက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။