သထုံ ဧပြီ ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ပြည်တော်အေးလမ်းမိသားစုများ၏ နဝမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့(မဟာသင်္ကြန်အကျနေ့) နံနက်က အဆိုပါ လမ်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်ကြီးပူဇော်ကန်တော့ပွဲတွင် ရှေးဦးစွာ သံဃာတော်များအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ တရားတော်များနာယူကာ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ပြီး ပြည်တော်အေး လမ်းအတွင်းရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွား(၄၅)ဦးတို့အား အဆိုပါလမ်းနေ ပြည်သူများ စုပေါင်းကာ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)၊ သဘက်တစ်ထည်နှင့် လိမ်းဆေးတစ်ဘူးစီတို့ကို ပူဇော်ကန်တော့ကြသည်။
ယင်းနောက် ငွေသားများအပါအဝင်၊ စတီးဒရင်းဘတ်၊ ဆန်အိတ်ကြီး၊ ဂွမ်းစောင်၊ ငါးဆင့်ချိုင့်၊ ထီး၊ ဓာတ်ဗူး၊ ဖိနပ် အစရှိသည့် အသုံးအဆောင်ပစ္စည်းများကို စာရေးတံမဲဖောက်ကာ ဘိုးဘွားများအား ပျော်ရွှင်စွာ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)