သတင်းများ

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၈၂၅ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Apr 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၈၂၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် နွေရာသီအားကစားအခြခံသင်တန်းဆင်းပွဲကျင်းပ
Apr 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၊ အ-ထ-ကရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-ကကျောင်းရှိ နိုဝင်ဘာလအတွင်း အသက်(၁၂)နှစ်ပြည့်ပြီး စာရင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ကို မတ်လ(၄)ရက်နေ့နှင့် (၁၅)ရက်နေ့ များတွင် ထိုးနှံဆောင်ရွက်ပေးပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်တွင် (ဒုတိယအကြိမ်)ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ အင်ကြင်းမြို့တဲတိုက်နှင့် ကောင်းပင်စည်မြောက်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း
Apr 10,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော အင်ကြင်းမြိုင်တဲတိုက်နှင့် ကောင်းပင်စည်မြောက်တဲတိုက်သို့ ယမန်နေ့ နေ့ခင်း ၂ နာရီအချိန် ခန့်က မန္တလေးမြို့နေ ဒီဇိုင်နာဦးမျိုးမင်းစိုးနှင့် သူငယ်ချင်းများ၊ တောင်ဇင်း နယ်မြေ မီးသတ်စခန်းတို့က သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ရပ်ကွက်များအရောက် လှည့်လည်ထိုးနှံ
Apr 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ရပ်ကွက်များအရောက် Mobile Team ဖြင့် ကျန်းမာရေးဝန်ထမ်းများက လှည့်လည်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းသရုပ်ပြ
Apr 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အတွက်ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြအခမ်းအနားကို ဧပြီ ၈ ရက်မွန်းလွဲပိုင်း က မြို့နယ်မီးသတ်ဦးစီးဌာနဝင်းအတွင်း ပြုလုပ်သည်။
ဗဟန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်
Apr 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်(၃)လမ်းရှိ၊ ဗိုလ်ချုပ်​​​အောင်ဆန်း​စျေးဓမ္မာရုံတွင် မြို့မရပ်ကွက်၊ ကြား​တောရရပ်ကွက်နှင့် ရွှေနံ့သာရပ်ကွက်တို့ ပူပေါင်း၍ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မီးဘေးကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Apr 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်များကို ယမန်နေ့နံနက် ၁၀နာရီ အချိန်၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။