ပြည် ဧပြီ ၁၅
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်(အကျနေ့) ဧပြီ ၁၄ရက်နေ့တွင် ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ ကမ်းနားလမ်းရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ယိမ်းအကအလှပြိုင်ပွဲများ၊ တေးသီချင်းသီဆို ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ နှစ်သစ်ကူးအတာရေသဘင်အား ရေကစားသူ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတဝိုင်းဖြင့် တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြေမှု အစီအစဉ်များ၊ မြန်မာ့ရိုးရာသင်္ကြန် တေးသီချင်းများဖြင့် မြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်အကအလှ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အတာရေသဘင်ပွဲတော်ကို ရေကစားသူပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိများနှင့် ဌာနဆိုင်ရာများလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)