လားရှိုးမြို့တွင် မြို့သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Apr 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယနေ့နံနက်(၈)နာရီအချိန်က မြို့တော်ခန်းမတွင် စုရပ်စတင်ကာ မြို့အဝင်မုဒ်ဦးမှ ပြည်ထောင် စုလမ်းမကြီးတစ်လျှောက်၊ မြို့တော်ခန်းမမှ ဘူတာလမ်းတစ်လျှောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ စက်ယန္တရားကြီးများဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။