သတင်းများ

လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်
Apr 10,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အ‌နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/ တပ်ဖွဲ့က ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ဖွင့်လှစ် သည်။
ပန်းတောင်းမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နည်းပညာပေးဆွေးနွေး
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာ၌ ဆွေးနွေးခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရန် ဗဟိုမဏ္ဍပ် တည်ဆောက်
Apr 10,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရန်အတွက် အုတ်တွင်းမြို့ ဗဟိုမဏ္ဍပ်ကို  ဓမ္မစေတီလမ်း၊ ဈေးရပ်ကွက်၌ ယမန်နေ့မှ စတင်၍ တည်ဆောက် လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပတ်ပွဲ၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကျင်းပ
Apr 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၌ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ၊ သစ်စိမ်းမြေသြဇာမျိုးစေ့ကြဲပတ်ပွဲ၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းခြွေလှေ့ပွဲကို တောင်သူဦးစိန်မောင်သန်း၏ လယ်မြေတွင် ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး အသိပညာပေးဆွေးနွေး
Apr 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံက်ပိုင်းက မကြီးထုံးအုပ်စု ဆိတ္တဲကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်
Apr 10,2022
ကျောင်းသား၊ ကျောင်းသူလေးများ စာပေဖတ်ရှုရာတွင် အဖြတ်အတောက်မှန်ကန်ပြီး အသံထွက်မှန်မှန်ကန်ကန်ဖြင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဈေးကောင်းရရှိသည့် သခွါးသီးနှံအား စီးပွားဖြစ်စိုက်ပျိုး
Apr 10,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဒေသခံတောင်သူများက မိသားစုဝင်ငွေတိုးပွားရေးအတွက် ဈေးကောင်းရရှိသည့် သခွါးသီးနှံအား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ အုပ်စု ၊ ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့်အဆင်ပြေ
Apr 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းနှင့် စီးပွားဖြစ်စိုက်ပျိုးသူများ ပို၍အဆင်ပြေကြောင်း ရဲကြီးကျေးရွာမှ တောင်သူဦးဝင်းစိုးက ပြောပြသည်။