သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club များက စာဖတ်ဝိုင်း ပြုလုပ်
Apr 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိစေရှိစေရန် ၊လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာကျော်စိန်၏လူငယ်လမ်းညွှန်စာအုပ်အား ယနေ့နံနက် (၁၁) နာရီ အချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။