သတင်းများ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဟိုပန်မြို့၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကွင်းတွင် ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီ အချိန်က ဈေးရပ်ကွက်၊ ဓမ္မစေတီလမ်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်ကပြဖျော် ဖြေမှုများဖြင့် ပျော်ရွှင်စွာဆင်နွှဲ
Apr 14,2022
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၃ရက်(မဟာသင်္ကြန်အကြိုနေ့) မှစ၍ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရပ်ကွက်အလိုက်သ င်္ကြန်ယိမ်းများနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများဖြင့် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။
တောင်ကြီးမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက် လွှတ်တော်ရုံးလမ်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
မာန်အောင်မြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကြို ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီတော်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ရေသပ္ပာယ်ပူဇော်
Apr 14,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကြို ယမန်နေ့ညနေပိုင်းက မြို့ပေါ် ရပ်ကွက်နေပြည်သူများမှ ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီတော်များနှင့်ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ပြီး ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်အား ရေသပ္ပာယ်ပူဇော်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ မဟာင်္ကြန်ပွဲတော် အကြိုနေ့ဖွင့်လှစ်
Apr 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၃ ခုနှစ်(၂၀၂၂-ခုနှစ်)မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြိုနေ့ကို ယမန်နေ့ ညနေ(၄)နာရီအချိန်မှစတင်ကာ ပဲခူးလမ်းမကြီးဘေး ဗိုလ်ချုပ်လမ်းထိပ် သင်္ကြန်မဏ္ဍပ်တွင်  ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၄ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
၁၃၈၃ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာ မဟာသင်္ကြန်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ အဟာသင်္ကြန်အကြိုနေ့ ညနေ ၆ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ ကမ်းနားလမ်း ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။