နောင်ချို ဧပြီ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်နောင်ချိုမြို့နယ် စေတနာမွန်အသင်းမှ မြို့နယ်အတွင်း ရေခက်ခဲသော ကျေးရွာများသို့ ရေများ ဆက်လက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
လှူဒါန်းရာတွင် စေတနာမွန်အသင်း ဥက္ကဋ္ဌ ဦးနေဦးသာ၏ ဦးဆောင်မှုဖြင့်မြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာများသို့ ရေများဆက်လက်ပေးပို့လျက်ရှိရာ ဧပြီ ၁၄ ရက်နေ့က မြင်းဖြူတောင်နှင့် ဆင်လျှောရွာအတွင်း ရေလှောင်ကန်များသို့ ရေဂါလံပေါင်း (၅၀၀၀)ဖြည့်ဆည်း လှူဒါန်းနိုင်ခဲ့သည်။
ကျေးရွာများသို့ ရေလိုအပ်မှုအပေါ် သွားရောက် လှူဒါန်းရာတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း အလှူရှင်များ ၏ကူညီပံပိုးမှု၊ လှူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အားတို့ဖြင့် လှူဒါန်းပေးပို့နိုင်ခဲ့ကြောင်း အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည့် အတွက် မည်သည့်အခကြေးငွေမှ ပေးဆောင်ရန်မလိုကြောင်း၊ ရေခက်ခဲပြီး ရေလှောင်ကန်ရှိသော ကျေးရွာများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)