တောင်တွင်းကြီး ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများ သို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ ဖြစ်သော၊ ငှက်ပစ်တောင်ဘုန်းတော်ကြီးကျောင်း၊ သာယာအေးဘုန်းတော်ကြီးကျောင်း၊ ရွှေမော်ဓော ဘုန်းတော်ကြီးကျောင်းနှင့် အခြားသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီးရွယ်အို အဘိုး/အဘွားများနှင့် ဒေသခံပြည်သူများမှ ဘုရားကျောင်းကန်များသို့ သွားရောက်ပြီး သင်္ကြန်ကာလ အခါသမယ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်း တရားစီးဖြန်းခြင်းများအား စိတ်အေးချမ်း သာယာစွာ ကောင်းမှုကုသိုလ်ပွားများ အားထုတ်လျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)