သတင်းများ

ကော့သောင်းမြို့ သင်္ကြန်အကြတ်နေ့အေးချမ်းစည်ကားပျော်ရွှင်စွာရေးကစား
Apr 15,2022
၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့သင်္ကြန်အကြတ်နေ့အဖြစ်ကော့သောင်းမြို့ ပြည်သူများ ဗဟိုဆုပေးမဏ္ဍပ်ရှိရာ ဆိပ်ကမ်းသာလမ်းတစ်လျှောက် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ရေကစားကြကြောင်းသိရသည်။
ပဲခူးမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ
Apr 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသကြင်္နပွဲတော် အကြတ်နေ့တွင် ပြည်သူ များ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်
ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစား
Apr 15,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အကြတ်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ရေပက်ကစားလျက်ရှိကြသည်။
တာမွေမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ရေကစားမဏ္ဍပ်များ၊ အတာရေဆော့ကစားကြသူ ပြည်သူများ၊ စတုဒိသာအလှူများဖြင့် အထူးပင်စည်ကား
Apr 15,2022
ယနေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်မှ စတင်ကာ မြို့နယ်အတာရေသဘင် ရေကစားမဏ္ဍပ်နှင့် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ရေပက်ခံကားများ၊ အတာရေဆော့ကစားသူများ၊ စတုဒိသာအလှူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်းသိရသည်။
မအီမြို့၌ မဟာသင်္ကြန်အကျနေ့ မြန့်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ မဟာသင်္ကြန်အကျနေ့တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်/ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရနေရာများရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်-ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် ကပြသီဆိုဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)နှင့်ရေသဘင်မဏ္ဍပ်များ လိုက်လံကြည့်ရှု
Apr 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်ရေကစားမဏ္ဍပ်များသို့လှည့်လည် ကြည့်ရှုအားပေး
Apr 15,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့လုံးကျွတ်ရခိုင်ရိုးရာသင်္ကြန်ဖျော်ရေးမဏ္ဍပ်ဖွင့်ပွဲနှင့် ဌာနဆိုင်ရာ မဏ္ဍပ်များ၊ စစ်တွေတပ်နယ်လေးဝတီရေ ကစားမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုအားပေးသည်။
မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကျနေ့ ရေလောင်းရေပက်ခံသူများဖြင့်အထူးစည်ကား
Apr 15,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကျနေ့ ယမန်နေ့ နံနက် ၁၀ နာရီမှစ၍  ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။