Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မင်းလှမြို့၌ အခြေခံပညာသင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်လှစ်ပို့ချ
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပညာရေးမှူးရုံး၌ Online မှပို့ချသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၉၀) ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများ လျော့နည်းစေပြီး ရောဂါကွင်းဆက် ပြတ်တောက် သွားစေရေးအတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဖြူးမြို့နယ်အတွင်း (၉၀) ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးကို ယနေ့၊ နံနက် (၉) နာရီအချိန်က စတင်ကာ ဖြူး-အုတ်ဖြတ်-မုန်းလမ်းမဘေး မြို့အဝင်အထွက်နေရာတွင်
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၉ ရက် ညနေပိုင်းက မြို့နယ်ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေး
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်း မာရေးဦးစီးဌာနက ယမန်နေ့က ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်သစ် ပညာရေးသင်ရိုးသစ် (Grade-5) အတွက် ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးရုံးတွင် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် သာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်သစ်ပညာရေး (Grade-5) အတွက် ဗဟိုအဆင့် နည်းပြသင်တန်း (TOT) Online သင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆီဆိုင်လုပ်ငန်းများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင် သူများအား ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Apr 20,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူများအား ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧပြီ(၂၀)ရက် နံနက် (၈)နာရီတွင် ပူတာအိုမြို့ မြို့မစေျးနှင့် ပြန်/ဆက်လမ်းဆုံ၌ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ Online သင်တန်းဖွင့်လှစ်
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောင်းသား/ကျောင်းသူများအား မူလတန်း သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ Online သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18708
Page
18709
Page
18710
Page
18711
Current page
18712
Page
18713
Page
18714
Page
18715
Page
18716
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department