ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆီဆိုင်လုပ်ငန်းများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ကျောက်တံခါး ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊‌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်လုပ်ငန်းများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းလတ် ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံအရံမီးသတ်တပ်ဖွဲ့ဝင်များသည် ကျောက်တံခါးမြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်လုပ်ငန်းများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊  မီးကပ်၊‌ သဲ၊ ရေ အသင့်ထားရှိရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ပြောကြား ခဲ့ကြောင်း သိရသည်။

စန်းစန်း (ပြန်/ဆက်)