သတင်းများ

အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟို အဆင့်နည်းပြ (ToT) online သင်တန်း စတင်ဖွင့်လှစ်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT) သင်တန်းကို ယနေ့နံနက် ၉အချိန်မှ စတင်၍ အထက(၂)ပညာ့ဗိမာန် ခန်းမတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့နယ် မဇောပြင်ကြီးကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ  သွားရောက်ထောက်ပံ့
Apr 20,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု ပြင်ကြီးကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ထောင်စု များအား ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မဇောပြင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တာဝန်ရှိသူများမှ သွားရောက် ထောက်ပံ့ ပေးခဲ့ကြသည်။
မောက်မယ်မြို့နယ်တွင် E-ID Excel စနစ်၊ Format ဖြင့် နိုင် (၄) မှတ်တမ်းများစိစစ်ဖြည့်သွင်းခြင်း အားကြီးကြပ်ဆောင်ရွက်
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ E-ID Excel စနစ်၊ Format ဖြင့် နိုင်(၄)မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် ပါဋိပထမပြန်စာမေးပွဲကျင်းပရန် တိုင်ပင်ဆွေးနွေး
Apr 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင်၊ ၂၀၂၂ ခုနှစ် ပါဋိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သံတွဲမြို့၌ သင်ရိုးသစ် Grede-5 ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ) ငကျော်တောင် ကျောင်းတွင် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့် အားကစားခေါင်စဉ်ဖြင့် Talk Show ကျင်းပ
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ အိမ်ထောင်စုဝင် (၁၁၂၁၄)ဦးအား ဆန်အိတ်နှင့်ဂျုံများ လှူဒါန်း
Apr 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အိမ်ထောင်စုဝင် (၁၁၂၁၄)ဦးအား ယနေ့နံနက် ၉နာရီ အချိန်က ဆန်အိတ်နှင့်ဂျုံများလှူဒါန်းကြောင်းသိရသည်။
ဝိုင်းမော်မြို့၌ သင်ရိုးသစ် Grade -5 ဗဟိုအဆင့် နည်းပြ (TOT)သင်တန်းပို့ချ
Apr 20,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးရှိ အောင်မင်္ဂလာခန်းမ၌ သင်ရိုးသစ် Grade -5 ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းကို ဧပြီလ ၂၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။