သတင်းများ

ပန်လုံမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးလျက်ရှိ
Apr 20,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Vero)ကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပန်လုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံစုရပ်တွင် ထိုးနှံပေးခဲ့သည်။
မြင်းခြံမြို့တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်း ဖွင့်လှစ်ပို့ချ
Apr 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင်သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ် သင်ကြားပို့ချ​ပေးလျက် ရှိ​ကြောင်း သိရသည်။
မိုးနဲမြို့၌ (Grade-5) သင်ရိုးသစ် နည်းပြသင်တန်း Online စနစ်ဖြင့်ပို့ချ
Apr 20,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် (Grade-5) သင်ရိုးသစ် နည်းပြသင်တန်းကို Online စနစ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဆရာ/ ဆရာမ ၁၂ ဦး မြို့နယ် ပညာရေးမှူးရုံး၌ တက်ရောက်သင်ကြား‌လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြားရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Apr 20,2022
ကျိုက်ထိုမြို့နယ်တွင် အသက် (၁၅)နှစ်မှ (၁၈) နှစ်ထိ ရှင်သာမဏေများ၊ သီလရှင်များနှင့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဧပြီ (၂၀) ရက်နေ့တွင် ဆေးထိုးစုရပ်အသီးသီ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲကျင်းပ
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နေ့လယ်ပိုင်းက "နည်းစနစ်တကျလေ့လာမှ အောင်မြင်မှုကိုရရှိမယ်" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။
မြိုင်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဆီထွက်သီးနှံ တိုးတက်ရေးအတွက် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော နေကြာမျိုးစေ့များ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တွံတေးမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကျေးရွာများ၌ ဆက်လက်ထိုးနှံပေး
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး
မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု ဘူးပင်ကျေးရွာ၌ မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်
Apr 20,2022
ယခုအချိန်သည် ပူပြင်းခြောက်သွေေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် ဘားဘူတောင်ကျေးရွာအုပ်စု ဘူးပင်ကျေးရွာအား မီးဘေးလုံခြုံရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။