သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘီးလင်းမြို့နယ်၌ Grade - 5 သင်ရိုးသစ် ဗဟိုအဆင့် (TOT) နည်းပြ Online သင်တန်းဖွင့်လှစ်
Apr 20,2022
သထုံခရိုင် ဘီးလင်းမြို့နယ်၌ Grade- 5 (သင်ရိုးသစ်) Online သင်တန်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက - ဘီးလင်း) ကျောင်း၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် အေရိုးဗစ်သင်တန်း ဖွင့်လှစ်
Apr 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက အေရိုးဗစ်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်း ဖွင့်လှစ်
Apr 20,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းကို ယနေ့ နံနက်(၉)နာရီမှ စတင်၍ မြို့နယ် ပညာရေးမှူးရုံး၏ အစည်းအဝေး ခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးသတ်ဆေးဘူးများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား ကွင်းဆင်း စစ်ဆေး
Apr 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုဆိုင်ရာ စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့်ပို့ချ
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာ မူလတန်းဆင့် GRADE 5 သင်ရိုးသစ်ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးအထက၌ ကျင်းပပြု လုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၊  ပြည်သူ့စာကြည့်တိုက်အတွင်း၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်
Apr 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။          
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊(ပုဂံဌာနခွဲ)လုံခြုံရေးဌာနစိတ်မှ ဝန်ထမ်းများ သန့်ရှင်းရေးဆောင်ရွက်
Apr 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီး ဌာန၊(ပုဂံဌာနခွဲ) လုံခြုံရေးဌာနစိတ်မှ ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ပုဂံမြို့ ဟောင်းသရပါတံခါးတောင်ဘက်ခြမ်းတွင် သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။