ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်သစ် ပညာရေးသင်ရိုးသစ် (Grade-5) အတွက် ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

ဇမ္ဗူသီရိ ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးရုံးတွင် ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် သာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စနစ်သစ်ပညာရေး (Grade-5) အတွက် ဗဟိုအဆင့် နည်းပြသင်တန်း (TOT) Online သင်တန်းကို  ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ် (Grade-5) သင်ကြားမည့် ဆရာ/ဆရာမများအား သင်ကြားမှု၊ သင်ယူမှုပိုမိုထိရောက်စေရေးအတွက် ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ပြီး ဆရာ/ဆရာမ (၁၈) ဦး တက်ရောက်သင်ကြားလျက်ရှိကာ (၂၀-၄-၂၀၂၂) ရက်နေ့မှ စတင်ကာ (၂၅-၄-၂၀၂၂) ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၆) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)