ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၉၀) ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

ဖြူး ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများ လျော့နည်းစေပြီး ရောဂါကွင်းဆက် ပြတ်တောက် သွားစေရေးအတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဖြူးမြို့နယ်အတွင်း (၉၀) ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးကို ယနေ့၊ နံနက် (၉) နာရီအချိန်က စတင်ကာ ဖြူး-အုတ်ဖြတ်-မုန်းလမ်းမဘေး မြို့အဝင်အထွက်နေရာတွင် ကာကွယ်ဆေး ထိုးနှံပေးရေးနေရာ သတ်မှတ်၍ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဧပြီလကုန်ထိ (၉၀) ရာခိုင်နှုန်း ထိုးနှံထားမှု ရှိရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းအားစစ်ဆေး၍ ထိုးနှံရန်ကျန်ရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်ကာ  ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်နေကြောင်းနှင့် အဆိုပါ အစီအစဉ်အား ဧပြီလကုန်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)